ကွန်ပျူတာ Shutdown ကျနေတဲ့ ပြဿနာဖြေရှင်းနည်းများ

Windows 7 နဲ့ အနိမ့်ဗားရှင်းတွေမှာ အဖြစ်များတဲ့ Windows Unexpected Shutdown ပြဿနာကြုံနေရသူတွေအတွက် ကိုယ်တိုင်ဖြေရှင်းတတ်စေဖို့ ပြဿနာဖြေရှင်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

နည်းလမ်း (1)

ကွန်ပျူတာ System File ပျက်စီးနေတာတွေ၊ ဆော့ဝဲလ်တွေထည့်တာ မမှန်ကန်လို့Files တွေ Corrupted ဖြစ်နေတာတွေ၊ Registry File ပျက်စီးနေတာတွေ စသည့်ဖြင့် ကွန်ပျူတာ System ပိုင်းနဲ့သက်ဆိုင်သော Files များ ပျက်စီးမှုများရှိ၊မရှိစစ်ဆေးဖို့၊ပျက်စီးမှုများရှိရင်လည်း ပြန်လည်ပြင်ဆင်စေဖို့ System File Checker (SFC) နဲ့စစ်ဆေးမှုပြုလုပ်မယ်။ Command Prompt ကို Admin နဲ့ဖွင့်ပါ။ Cmd ဖွင့်လာပြီဆိုရင် sfc /scannow ကို ရိုက်ထည့်ပြီး Enter နှိပ်ပါ။ sfc နဲ့ /scannow ကြားမှာ Space ခြားပါ။ 100 % ပြည့်တဲ့အထိစောင့်ပါ။ မိမိကွန်ပျူတာမှာ System File တွေပျက်စီးမှုရှိခဲ့ရင် အောက်မှာဖော်ပြထားတဲ့ ဥပမာလိုမျိုး ပြလာမယ်။

“Windows Resource Protection found corrupt files and successfully
repaired them. Details are included in the CBS.Log windir\Logs\
CBS\CBS.log. For example C:\Windows\Logs\CBS\CBS.log. Note
that logging is currently not supported in offline servicing scenarios.”

ဘာပျက်စီးမှုမှ မရှိရင် အောက်ကဥပမာလိုမျိုး ပြလာမယ်။

“Windows Resource Protection did not find any integrity violations.”

Sfc /scannow နဲ့စစ်ဆေးမှုပြီးသွားရင် စက်ကို Restart ချပေးလိုက်ပါ။ Sfc /scannow အနောက်မှာ တစ်ခြား command တွေ ထပ်ထည့်ပြီး စစ်ဆေးတဲ့နည်းတွေ ကျန်ပါသေးတယ်။ မလိုအပ်ဘူးထင်လို့မရေးတေ့ာပါဘူး။

နည်းလမ်း (2)

ကွန်ပျူတာက ဘာမှမသုံးလိုက်သေးဘူး။ Program တစ်ခုဖွင့်လိုက်တာနဲ့ Unexpected Shutdown Message box ပဲ တက်နေတယ်ဆိုရင် Services တွေကို Disable လုပ်ထားလိုက်ပါ။ Run box မှာ msconfig ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။ System Configuration box ပေါ်လာရင် Services Tab အောက်ကို ဝင်လိုက်ပါ။ အောက်ဆုံးမှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်ထားပါ။ တစ်ခြား Services တွေကို ပိတ်လို့ရပေမယ့် Microsoft Services တွေကိုတော့ ပိတ်လို့ မရဘူးနော်။ Windows သုံးနေတာဖြစ်တဲ့အတွက် Microsoft Services တွေတေ့ာ မရှိမဖြစ်လိုအပ်တယ်။ Microsoft Services တွေကို Hide All လုပ်ထားပြီးရင် ကျန်တဲ့ Program Servers တွေကို Disable ပေးပြီး Ok နှိပ်၊ စက်ကို Restart ချပေးလိုက်ပါ။

နည်းလမ်း (3)

Windows Unexpected Shutdown ပြဿနာကို နောက်ထပ်မဖြစ်စေဖို့ Startup and Recovery မှာလည်း ပိတ်ထားနိုင်တယ်။ This PC\My Computer ကို Right Click\ Properties ကို နှိပ်ပြီး System Properties ထဲဝင်ပါ။ Windows Key နဲ့ Pause Break Key ကို တွဲနှိပ်ရင်လည်းရတယ်။ System Properties မှာ System Protection ထဲကိုနှိပ်ဝင်ပါ။ System Protection\Advanced Tab အောက်က Startup and Recovery မှာ Settings ထဲဝင်ပါ။ System Failure အောက်မှာ နှစ်ခုစလုံးကို အမှန်ခြစ်ဖြုတ်၊ Write Debugging Information မှာ None ကို ရွေးထားပြီး OK နှိပ်ထွက်၊ စက်ကို Restart ချပေးလိုက်ပါ။

နည်းလမ်း (4)

ကွန်ပျူတာ System Hardware က မထောက်ပံသော Driver တွေ ထည့်ထားမိရင်လည်း Windows Unexpected Shutdown ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် မိမိကွန်ပျူတာမှာ Driver မရှိတိုင်း တွေ့သမျှ Drivers တွေကို Install မလုပ်ပါနဲ့။ မိမိစက်နဲ့ကိုက်လား၊ Windows Version ဘာလဲ၊ 32 or 64 bit လား။ Install လုပ်မယ့် Driver တွေကော မိမိစက် Windows Version နဲ့ ကိုက်ညီမလား စစ်ကြည့်ပြီး Install လုပ်ပါ။ နောက်ပြီးတော့ Motherboard ထုတ်တဲ့ ကုမ္မဏီလည်းမတူပဲနဲ့ ACER Laptop Driver ကို AUSU စက်မှာ လာပြီး Install လုပ်လို့မရဘူးနော်။ Driver Pack Solution နဲ့Driver တွေ သိတယ်ဆိုတိုင်း Install လုပ်လို့မရဘူး။ စက်နဲ့ Driver နဲ့ကိုက်ညီမှုရှိမှ စက်မှာ တပ်ဆင်ထားတဲ့ Device တွေလည်း ကောင်းကောင်းအလုပ်လုပ်နိုင်မယ်။  စက်ကမော်ဒယ်မြင့်ပြီး Driver တွေက Supported မလုပ်တော့တဲ့ Incompatible Driver တွေကို Install လုပ်ထားမိရင် Run box မှာ devmgmt.msc ကိုရိုက်ထည့်၊ Enter နှိပ်၊ Device Manager ထဲဝင်၊ မကိုက်ညီသော Driver တွေကို ပြန်ဖြုတ်ပြီး စက်မော်ဒယ်နဲ့ကိုက်ညီမယ့် Drivers တွေကို ရှာဒေါင်းလုဒ်ဆွဲ Install ပြန်လုပ်ပါ။

နည်းလမ်း (5)

Third-Party Antivirus Programs တွေကို ဖြုတ်ထားလိုက်ပါ။ ကွန်ပျူတာမှာ Windows Defender ကလွဲပြီး တစ်ခြား Third-Party Antivirus Software တွေ တစ်ခုမက ထည့်ထားရင်လည်း Windows has Recovered from an Unexpected Shutdown Error ဖြစ်တတ်ပါတယ်။ Windows Defender ကို နေ့တိုင်းUpdateလုပ် နေရင် တစ်ခြား Antivirus Software တွေ မလိုအပ်ပါဘူူး။ အခုနောက်ပိုင်း Windows Update တွေထဲက Defender က ပိုပြီး အဆင့်မြင့်လာတယ်။ Security Feature တွေ ပိုပြီး စုံလင်လာတယ်။ နောက်နေ့တွေမှာ Defender Update အကြောင်း သီးသန့်ပြန်ရေးတင်ပါမယ်။ အခုသုံးနေတဲ့ လက်တော့ပ်ကို စဝယ်ကတည်းက မည်သည့် Antivirus Software ကိုမှ Install မလုပ်သေးဘူး။ Windows Defender ကိုပဲ အမြဲ Update လုပ်ပြီး သုံးနေတယ်။

နည်းလမ်း (6)

Windows has Recovered from an Unexpected Shutdown Error ဖြစ်နေရင် လက်ရှိဖွင့်သုံးနေတဲ့ Programs အားလုံးကို ပိတ်ပြီးပြန်ဖွင့်သုံးပါ။ ပိတ်လို့မရရင် Task Manager ထဲဝင်ပြီး ပိတ်မယ့် Program ကို Right Click နှိပ်ပြီး End Task လုပ်လိုက်ပါ။

နည်းလမ်း (7)

ကွန်ပျူတာမှာ ထည့်သုံးနေတဲ့ External HDD, USB Stick, Memory Stick, Mice, Keyboard,Mouse စသည်တို့ခဏဖြုတ်ထားပြီး ပြန်တပ်ကြည့်လိုက်ပါ။ USB Driver တွေကို တိုက်ရိုက်ဆွဲဖြုတ်တာမဟုတ်ပဲ အဲ့ဒီ Drive ပေါ်မှာ Right Click နှိပ်၊ Eject လုပ်ပါ။ Eject မလုပ်ပဲ တိုက်ရိုက်ဆွဲဖြုတ်လိုက်ရင် နောက်ကွယ်မှာ USB Driver က အလုပ်လုပ်နေသေးတဲ့အတွက် ပြဿနာတွေ ကကျိုးကကြောင် ဖြစ်သွားနိုင်ပါတယ်။

နည်းလမ်း (8)

ကွန်ပျူတာ Driver မကိုက်တာပဲဖြစ်ဖြစ်၊ တစ်ခြားပြဿနာတွေကြောင့်ပဲဖြစ်ဖြစ် ဘေလ် ငါးထောင်လောက်ထည့်ပြီး ကွန်ပျူတာကို Update လုပ်လိုက်ပါ။ Update လုပ်လိုက်ခြင်းက ပြဿနာပေါင်း 95 % ကို ဖြေရှင်းပေးသွားပါလိမ့်မယ်။

နည်းလမ်း (9)

Troubleshooting ကို Run ပေးလိုက်ပါ။ Control Panel\All Control Panel Items\ Troubleshooting ထဲကို တစ်ဆင့်ချင်းဝင်ပြီး System&Security ကို နှိပ်ဖွင့်လိုက်ပါ။ Fix Problems with Windows Update ကို ဖွင့်လိုက်ပါ။ Next နှိပ်ပါ။ Try Troubleshooting As An Administrator ကိုနှိပ်ပါ။ သူပြောထားတဲ့အတိုင်း လိုက်လုပ်ကြည့်ပါ။ နောက်ဆုံးမှာ Apply Fix ကိုနှိပ်ပါ။ ပြီးတဲ့အထိစောင့်ပြီး စက်ကို Restart ချပေးလိုက်ပါ။

နည်းလမ်း (10)

SmartPCFixer ကို ဒီနေရာကကနေ  ဒေါင်းလုဒ်ဆွဲ၊ Install လုပ်ပြီး Run ပေးလိုက်ပါ။

Web Foundation Course (Batch 7) | သင်တန်းကြေး > ၁၈၀,၀၀၀ကျပ် (2 လခွဲ)

Web Foundation Course အတန်းသည် Web Development ကိုအခြေခံကနေစတင်သင်ကြားလိုသူများအတွက် ဖွင့်လှစ်ပေးထားတဲ့ အတန်းလေးဖြစ်ပါတယ်။ သင်တန်းကာလ (၂) လခွဲအတွင်း Junior Web Developer ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်လိုအပ်မယ့် သိသင့်သိထိုက်တာတွေကိုသင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။

Web Developer နယ်ပယ်အတွင်း Senior Web Developer ရာထူးဖြင့်အလုပ်လုပ်ကိုင်လျက်ရှိပြီး၊ Web Development ကိုစာသင်ကြားမှု (၃)နှစ်ကျော်အတွေ့အကြုံရှိသောသူများမှသင်ကြားပေးမည်ဖြစ်သောကြောင့်၊ တကယ့်လက်တွေ့လုပ်ငန်းခွင်ထဲမှာဘယ်လိုပြဿနာတွေကြုံတွေ့နိုင်လဲ၊ ဘယ်လိုအကောင်းဆုံးဖြေရှင်းရင်အဆင်ပြေနိုင်မလဲဆိုတာတွေကိုပါလေ့လာသင်ကြားရမှာပါ။

“ဘယ်သူတွေတက်ရောက်သင့်လဲ”

  • Web Design & Development နယ်ပယ်တွင် Web Developer တစ်ယောက်အဖြစ် ခိုင်မာစွာရပ်တည်လိုသူများ။
  • Web Technology အခြေခံအုတ်မြစ်ကို အခြေခံကျကျ အသေးစိတ်လေ့လာလိုသူများ။
  • ကွန်ပျူတာနှင့်နည်းပညာတက္ကသိုလ်တက်ရောက်နေသော ကျောင်းသားကျောင်းသူများ။

“သင်ကြားမည့်ပုံစံ”

သင်တန်းကာလ ၂လခွဲအတွင်းမှာ..

Web Design နှင့်  Frontend ပိုင်းအတွက်

– HTML5
– CSS3
– JavaScript
– jQuery
– Bootstrap4

တို့ကိုအသေးစိတ်မှစ၍ သင်ကြားပေးမည်ဖြစ်ပြီး Static Web Template တစ်ခုနှင့် JavaScript, jQuery အခြေပြု Mini-Project (၂) ခုရေးသားရမည်။

Server နှင့် Backend ပိုင်းအတွက်…

– PHP နှင့် MySQL တို့ကိုပေါင်းစပ်အသုံးပြုပြီး Dynamic Ecommerce Website တစ်ခုကို ဖန်တီးရေးသားရမည်။
– Login/Registration System
– Add to Cart System
– Database CRUD
– Basic SEO
– Web Hosting cPanel အသုံးပြုပုံ
– Domain & Web Hosting Knowledge
– Backend ပိုင်းအတွက် မရှိမဖြစ်အရေးကြီးသော Web App Security နှင့် Database Security အပိုင်းတို့ကိုပါ အသေးစိတ်လေ့လာသင်ကြားရမည်ဖြစ်ပါသည်။
– Web Development Company ကြီးများတွင် အသုံးများသော WordPress (Content Management System) ကိုအသုံးပြု၍ Website တစ်ခုကိုဖန်တီးရေးသားရပါမည်။

Theory ပိုင်းရှင်းပြချက်များနှင့်အတူလက်တွေ့ Project များ၊ Domain & Web Hosting များဖြင့် Practical ပိုင်းကိုသင်ကြား ပေးမှာဖြစ်ပါတယ်။ Website တစ်ခုရေးတတ်ရုံသာမကဘဲ၊ Website ကို Internet ပေါ်တင်ခြင်း၊ Web Hosting cPanel ကိုအသုံးပြုခြင်းတို့ကိုပါသင်ကြားရမှာဖြစ်ပါတယ်။

***သင်တန်းကာလအတွင်းတစ်ဦးချင်းရေးသားရမည့် Project များပြီးဆုံးမှသာလျှင် Let’s Code မှ သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးမည်ဖြစ်ပါသည်။***

“သင်တန်းအသေးစိတ်”

Web Foundation Course
(HTML, CSS, JavaScript, jQuery, BootStrap, PHP, MySQL, WordPress (Basic), Domain & Web Hosting General Knowledge)

သင်တန်းကာလ >>၂လခွဲ (စနေ၊ တနင်္ဂနွေ)
သင်တန်းစတင်မည့်ရက် >> (18.Jan.2020) ရက်နေ့

Class A >> မနက် (၁၀) နာရီ မှ နေ့လည် (၁၂:၃၀) နာရီ အထိ
သင်တန်းသားဦးရေ >> (၈) ဦး

Class B >> နေ့လည် (၁:၃၀) နာရီမှ ညနေ (၄) နာရီအထိ
သင်တန်းသားဦးရေ >> (၈) ဦး

သင်တန်းကြေး >> ၁၈၀,၀၀၀ကျပ် (သင်တန်းကြေးကို (၂) ရစ်ခွဲသွင်းနိုင်ပါတယ်) တခြားသင်တန်းတွေမှာ ၂ သိန်းခွဲ၊ ၃ သိန်းရှိပါတယ်။

သင်တန်းပြီးဆုံးသော်လည်း သိပ်နားမလည်သေးဘူးဟုထင်မြင်ယူဆ၍ဖြစ်စေ၊ သင်တန်းတက်ခဲ့စဉ်က အကြောင်းကြောင့်သင်တန်းပျက်ရက်များသွားခဲ့ပါက မိမိတက်ရောက်ခဲ့သော Course ကို “အခမဲ့” ပြန်လည်တက်ရောက်နိုင်ပါတယ်။

သင်တန်းအပ်နှံမှုများ၊ စုံစမ်းမှုများအတွက်

Phone: 09692838065, 09258090003
Address: Building 14, 4th Floor, Kanaung Hub, MICT Park, Hlaing Tsp, Yangon.

Share for later reading and to your friends !

Leave a Reply

Your email address will not be published. Required fields are marked *