ကွန်ပျူတာ Login ဝင်မရခြင်း ပြဿနာဖြေရှင်းနည်း

Windows 7 ကွန်ပျူတာတွေမှာ အဖြစ်များကြတဲ့ “The User Profile
Service  failed the sign-in. User profile cannot be loaded.”
ပြဿနာဖြေရှင်းနည်းကို ဖော်ပြပေးလိုက်ပါတယ်။ ဒီပြဿနာဖြေရှင်းနည်းကို 2016 ခုနှစ်ကတည်းက ရေးတင်ထားပြီးသားရှိပါတယ်။ ဒါပေမယ့် Update Edit လုပ်ရင်း ပြန်ရေးတင်လိုက်ပါတယ်။ Registry ထဲမှာဝင်ပြင်ရမှာဖြစ်တဲ့အတွက် တစ်ခုခုမှားသွားရင် ပြဿနာထပ်ဖြစ်နိုင်လို့မလုပ်တတ်ရင်မလုပ်ပါနဲ့။

အရင်ဦးဆုံးကို ကွန်ပျူတာကို ဝင်လို့ရတဲ့ User Account နောက်တစ်ကောင့်ရှိသေးရင် အဲ့ဒီအကောင့်နဲ့ဝင်လိုက်ပါ။ မရှိရင် Safe Mode နဲ့ဝင်လိုက်ပါ။

Windows + R ကို တွဲနှိပ်၊ Run Box မှာ regedit ကိုရိုက်ထည့်ပါ။

Registry ထဲကို အောက်ပါ Path လမ်းအတိုင်း တစ်ဆင့်ချင်းဝင်သွားလိုက်ပါ။

HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\ProfileList

Profile List အောက်မှာ S-1-5-21… နဲ့စတဲ့ ဖိုဒါနှစ်ခုကို တွေ့ရမယ်။
အဲ့ဒီနှစ်ခုမှာ .bak နဲ့ဆုံးတဲ့ တစ်ခုကို Right Click\Rename လုပ်ပြီး
ဖိုဒါနောက်ဆုံးမှာ .ba လို့ပြောင်းပေးလိုက်ပါ။ S-1-5-21…စတဲ့ ဒုတိယဖိုဒါ
တစ်ခုကိုလည်း Right Click\Rename နှိပ်၊ ဖိုဒါနောက်ဆုံးမှာ .bak ကို
ထည့်ပေးလိုက်ပါ။ ပထမဖိုဒါကို .ba လို့ပြောင်းခဲ့တာကို Right Click\
Rename လုပ်ပြီး .ba ကိုဖျက်ပေးလိုက်ပါ။ အခု .bak နဲ့ .bak မပါတဲ့
ဖိုဒါနှစ်ဖြစ်သွားပါမယ်။ .bak မပါတဲ့ ဖိုဒါတစ်ခုရဲ့ ညာဘက်ဘေးမှာ
RefCount ကို Right Click\Modify\Value Data မှာ 0 ပေး၊ OK နှိပ်ပါ။
နောက်အောက်ဆုံးမှာ State မှာကိုလည်း Right Click\Modify\Value
Data မှာ 0 ပေး၊ Ok နှိပ်၊ Registry ထဲကထွက်ပြီး စက်ကို Restart ပေးပါ။


ဝင်လို့မရတဲ့ User Account နဲ့ပြန်ဝင်လို့ရသွားပါမယ်။

Web Foundation Course (Batch 7) | သင်တန်းကြေး > ၁၈၀,၀၀၀ကျပ် (2 လခွဲ)

Web Foundation Course အတန်းသည် Web Development ကိုအခြေခံကနေစတင်သင်ကြားလိုသူများအတွက် ဖွင့်လှစ်ပေးထားတဲ့ အတန်းလေးဖြစ်ပါတယ်။ သင်တန်းကာလ (၂) လခွဲအတွင်း Junior Web Developer ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်လိုအပ်မယ့် သိသင့်သိထိုက်တာတွေကိုသင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။

Web Developer နယ်ပယ်အတွင်း Senior Web Developer ရာထူးဖြင့်အလုပ်လုပ်ကိုင်လျက်ရှိပြီး၊ Web Development ကိုစာသင်ကြားမှု (၃)နှစ်ကျော်အတွေ့အကြုံရှိသောသူများမှသင်ကြားပေးမည်ဖြစ်သောကြောင့်၊ တကယ့်လက်တွေ့လုပ်ငန်းခွင်ထဲမှာဘယ်လိုပြဿနာတွေကြုံတွေ့နိုင်လဲ၊ ဘယ်လိုအကောင်းဆုံးဖြေရှင်းရင်အဆင်ပြေနိုင်မလဲဆိုတာတွေကိုပါလေ့လာသင်ကြားရမှာပါ။

“ဘယ်သူတွေတက်ရောက်သင့်လဲ”

  • Web Design & Development နယ်ပယ်တွင် Web Developer တစ်ယောက်အဖြစ် ခိုင်မာစွာရပ်တည်လိုသူများ။
  • Web Technology အခြေခံအုတ်မြစ်ကို အခြေခံကျကျ အသေးစိတ်လေ့လာလိုသူများ။
  • ကွန်ပျူတာနှင့်နည်းပညာတက္ကသိုလ်တက်ရောက်နေသော ကျောင်းသားကျောင်းသူများ။

“သင်ကြားမည့်ပုံစံ”

သင်တန်းကာလ ၂လခွဲအတွင်းမှာ..

Web Design နှင့်  Frontend ပိုင်းအတွက်

– HTML5
– CSS3
– JavaScript
– jQuery
– Bootstrap4

တို့ကိုအသေးစိတ်မှစ၍ သင်ကြားပေးမည်ဖြစ်ပြီး Static Web Template တစ်ခုနှင့် JavaScript, jQuery အခြေပြု Mini-Project (၂) ခုရေးသားရမည်။

Server နှင့် Backend ပိုင်းအတွက်…

– PHP နှင့် MySQL တို့ကိုပေါင်းစပ်အသုံးပြုပြီး Dynamic Ecommerce Website တစ်ခုကို ဖန်တီးရေးသားရမည်။
– Login/Registration System
– Add to Cart System
– Database CRUD
– Basic SEO
– Web Hosting cPanel အသုံးပြုပုံ
– Domain & Web Hosting Knowledge
– Backend ပိုင်းအတွက် မရှိမဖြစ်အရေးကြီးသော Web App Security နှင့် Database Security အပိုင်းတို့ကိုပါ အသေးစိတ်လေ့လာသင်ကြားရမည်ဖြစ်ပါသည်။
– Web Development Company ကြီးများတွင် အသုံးများသော WordPress (Content Management System) ကိုအသုံးပြု၍ Website တစ်ခုကိုဖန်တီးရေးသားရပါမည်။

Theory ပိုင်းရှင်းပြချက်များနှင့်အတူလက်တွေ့ Project များ၊ Domain & Web Hosting များဖြင့် Practical ပိုင်းကိုသင်ကြား ပေးမှာဖြစ်ပါတယ်။ Website တစ်ခုရေးတတ်ရုံသာမကဘဲ၊ Website ကို Internet ပေါ်တင်ခြင်း၊ Web Hosting cPanel ကိုအသုံးပြုခြင်းတို့ကိုပါသင်ကြားရမှာဖြစ်ပါတယ်။

***သင်တန်းကာလအတွင်းတစ်ဦးချင်းရေးသားရမည့် Project များပြီးဆုံးမှသာလျှင် Let’s Code မှ သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးမည်ဖြစ်ပါသည်။***

“သင်တန်းအသေးစိတ်”

Web Foundation Course
(HTML, CSS, JavaScript, jQuery, BootStrap, PHP, MySQL, WordPress (Basic), Domain & Web Hosting General Knowledge)

သင်တန်းကာလ >>၂လခွဲ (စနေ၊ တနင်္ဂနွေ)
သင်တန်းစတင်မည့်ရက် >> (18.Jan.2020) ရက်နေ့

Class A >> မနက် (၁၀) နာရီ မှ နေ့လည် (၁၂:၃၀) နာရီ အထိ
သင်တန်းသားဦးရေ >> (၈) ဦး

Class B >> နေ့လည် (၁:၃၀) နာရီမှ ညနေ (၄) နာရီအထိ
သင်တန်းသားဦးရေ >> (၈) ဦး

သင်တန်းကြေး >> ၁၈၀,၀၀၀ကျပ် (သင်တန်းကြေးကို (၂) ရစ်ခွဲသွင်းနိုင်ပါတယ်) တခြားသင်တန်းတွေမှာ ၂ သိန်းခွဲ၊ ၃ သိန်းရှိပါတယ်။

သင်တန်းပြီးဆုံးသော်လည်း သိပ်နားမလည်သေးဘူးဟုထင်မြင်ယူဆ၍ဖြစ်စေ၊ သင်တန်းတက်ခဲ့စဉ်က အကြောင်းကြောင့်သင်တန်းပျက်ရက်များသွားခဲ့ပါက မိမိတက်ရောက်ခဲ့သော Course ကို “အခမဲ့” ပြန်လည်တက်ရောက်နိုင်ပါတယ်။

သင်တန်းအပ်နှံမှုများ၊ စုံစမ်းမှုများအတွက်

Phone: 09692838065, 09258090003
Address: Building 14, 4th Floor, Kanaung Hub, MICT Park, Hlaing Tsp, Yangon.

Share for later reading and to your friends !

One Reply to “ကွန်ပျူတာ Login ဝင်မရခြင်း ပြဿနာဖြေရှင်းနည်း”

Leave a Reply

Your email address will not be published. Required fields are marked *