ကွန်ပျူတာ Display အလုပ်မလုပ်သော ပြဿနာဖြေရှင်းနည်းများ

Windows 10 Update အသုံးပြုတဲ့ ကွန်ပျူတာတွေမှာ ပြဿနာတစ်ခုခုကြောင့် Desktop Screen Display က ဘာမှလုပ်လို့ မရပဲဖြစ်သွားတတ်ပါတယ်။ Start Menu ကို နှိပ်လည်းမရ၊ Background ပုံပြောင်းချင်သော်လည်း ပြောင်းမရ၊ Search Box ခေါ်သော်လည်းခေါ်မရစသည့် ပြဿနာများဖြစ်တတ်ပါတယ်။ အောက်ဖော်ပြပါအချက်တွေကို တစ်ဆင့်ချင်း လုပ်ကြည့်လိုက်ရင် တစ်ချို့စက်တွေက ပြန်ရသွားတတ်ပါတယ်။

1. Explorer ကို Restart လုပ်ကြည့်ပါ။ Task bar ပေါ် Right Click နှိပ်၊ Task Manager ကိုနှိပ်ဖွင့်ပါ။ Task bar လည်း အလုပ်မလုပ်တေ့ာရင် Ctrl+Shift+ESC ကီး၊ သို့မဟုတ် Ctrl+Alt+Del ကီးကို တစ်ပြိုင်တည်းတဲ့နှိပ်ပြီး Task Manager ကိုဖွင့်ပါ။ Run box ခေါ်လို့ ရသေးရင် Run box မှာ taskmgr ကို ရိုက်ထည့်ပြီးTask Managerကို ဖွင့်ပါ။ Task Manager ရဲ့Process အောက်မှာ Windows Exploreကို ရှာ၊ Right Click နှိပ်ပြီး Restart ကို နှိပ်ပေးလိုက်ပါ။ Restart လုပ်တာ မရဘူးဆိုရင် ဒုတိယနည်းနဲ့ပြန်စမ်းကြည့်ပါ။

2. Settings ထဲကိုဝင်ခွင့်ရှိသေးရင် Windows Key နဲ့ I ကို တွဲနှိပ်ပြီး Settings ထဲကိုဝင်၊ All Settings\Update & Security\Troubleshoot ထဲကိုဝင်သွားပြီး Find & Fix other Problems အောက်မှာ တစ်ခုစီးကိုရွေးပြီး Run the troubleshooter ကိုနှိပ် Run ကြည့်လိုက်ပါ။ (Windows 10 Update တွေမှာမှ ပါဝင်ပါတယ်။) Settings ထဲဝင်လို့မရတော့ဘူးဆိုရင် Run box မှာ control ကို ရိုက်ထည့်ပြီး Troubleshooting ထဲက တစ်ခုချင်းစီကို Run ကြည့်ပါ။ Windows က သူ့အလိုလိုဖြေရှင်းနိုင်ရင် ဖြေရှင်းပေးသွားပါလိမ့်မယ်။ မဖြေရှင်းနိုင်ဘူးဆိုရင် တတိယနည်းနဲ့ပြန်စမ်းကြည့်ပါ။

3. Microsoft Troubleshooter ကို ဖြေရှင်းဖို့Troubleshooter Tool ကို ဒီ  Link  ကို နှိပ်ပြီး  ဝင်ဒေါင်းလုဒ်ဆွဲပြီး Run ကြည့်လိုက်ပါ။ ဒီ Start Menu Tool က ဖြေရှင်းနိုင်တာတွေ ဖြေရှင်းပေးပါလိမ့်မယ်။ မဖြေရှင်းမပေးနိုင်သေးဘူးဆိုရင် စတုတ္ထနည်းကို စမ်းကြည့်ပါ။

4. Cmd သို့မဟုတ် Powershell ကို Run As Admin နဲ့ ဖွင့်လိုက်ပါ။ Shortcut Key တွေနဲ့ဖွင့်မရရင် C:\Windows\System32 မှာဝင်ဖွင့်ပါ။ Prompt မှာ System File တွေကို အရင်စစ်ဆေးဖို့ sfc /scannow ကို ရိုက်ထည့်ပြီး ပြီးတဲ့အထိစောင့်ပါ။ ဘာပြဿနာမှ မပေါ်ရင် အရင်ကောင်းခဲ့တဲ့ System ကို Restore Point လုပ်ထားတာရှိရင် ပြန် Restore လုပ်ဖို့

Dism /online /Cleanup-Image /StartComponentCleanup

Dism /Online /Cleanup-Image /ScanHealth

Dism /online /cleanup-image /restorehealth

ကို တစ်ကြောင်းပြီး တစ်ကြောင်း ရိုက်ထည့်ပြီး Enter နှိပ်ပါ။ ပြီးသွားရင် rstrui.exe ကို
ရိုက်ထည့်ပြီး စောင့်နေလိုက်ပါ။ စက် Restart ကျသွားပြီး ပြန်တက်လာရင် System Restore လုပ်တာကို ထပ်စောင့်ပါ။ပြီးသွားလို့ Successful ပြလာရင်နဂိုအတိုင်း ပြန်ကောင်းသွားပါမယ်။ မရသေးရင် ပဉ္စမနည်းကို ဆက်ကြည့်ပါ။

5. Cmd သို့မဟုတ် Powershell ကို Run As Admin နဲ့ ဖွင့်လိုက်ပါ။ Prompt မှာ အောက်မှာပေးထားတဲ့ Code တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပြီး Enter နှိပ်ပါ။ မရသေးဘူးဆိုရင် ခြောက်ခုမြောက်နည်းနဲ့ပြန်စမ်းကြည့်ပါ။

Get-AppXPackage -AllUsers | Foreach {Add-AppxPackage -DisableDevelopmentMode -Register “$($_.InstallLocation)\AppXManifest.xml”­}

Get-AppxPackage | % { Add-AppxPackage -DisableDevelopmentMode -Register “$($_.InstallLocation)\AppxManifest.xml” -verbose }

6. User Account အသစ်ဆောက်ပြီး သုံးလိုက်ပါ။ Control Panel\User Account ကိုဝင်လို့ မရတော့ရင် Run box မှာ netplwiz သို့မဟုတ် control userpasswords2 ကို ရိုက်ထည့်ပြီး User Account အသစ်ဆောက်လိုက်ပါ။ Run box လည်း ခေါ်မရရင် System32 အောက်မှာရှာဖွင့်ပါ။ အဲ့ဒီမှာ အကုန်ရှိပါတယ်။ Task Manager နဲ့ဖွင့်မလား၊ Cmd, Run စသည်ဖြင့် ကိုယ်အသုံးပြုတတ်ရင် ကြိုက်တဲ့ဟာနဲ့ ခေါ်သုံးလို့ရတယ်။ Cmd နဲ့ User account ဆောက်ချင်တော့

net user (username) (password) /add

net localgroup administrators (username) /add

ကို တစ်ကြောင်းချင်း ရိုက်ထည့်ပေးပါ။ Username နဲ့ Password မှာ ပေးချင်တဲ့ username, password ပေးပါ။ ( ) ကွင်းစ၊ပိတ်မပါဘူး။ ဥပမာ- net user Netcomplus 123884 /add လို့ရိုက်ထည့်ပေးပါ။ ပြီးသွားရင် စက်ကို Restart ချပြီး အပေါ်မှာပေးခဲ့တဲ့ User Account,
Password နဲ့ဝင်ကြည့်လိုက်ပါ။ User Account အသစ်နဲ့မရသေးရင် နောက်ဆုံးတစ်နည်း အသေချာဆုံးနည်းတစ်နည်နဲ့လုပ်လိုက်ပါ။

7. အပေါ်မှာဖော်ခဲ့တဲ့နည်းတွေနဲ့လုံးဝကို မရသေးဘူး၊ ရေးဖို့ကျန်ခဲ့တဲ့ တစ်ခြားနည်းတွေနဲ့လည်း မရဘူးဆိုရင် စက်ကို Update လုပ်၊ သို့မဟုတ် Windows သာ အသစ်ပြန်တင်လိုက်ပါ။ လုံးဝပြန်ကောင်းသွားမယ်။ 😎 မိမိကွန်ပျူတာမှာ တစ်ခြားပြဿနာတွေရှိခဲ့ရင်လည်း အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းတွေနဲ့စမ်းကြည့်နိုင်ပါတယ်။

Web Foundation Course (Batch 7) | သင်တန်းကြေး > ၁၈၀,၀၀၀ကျပ် (2 လခွဲ)

Web Foundation Course အတန်းသည် Web Development ကိုအခြေခံကနေစတင်သင်ကြားလိုသူများအတွက် ဖွင့်လှစ်ပေးထားတဲ့ အတန်းလေးဖြစ်ပါတယ်။ သင်တန်းကာလ (၂) လခွဲအတွင်း Junior Web Developer ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်လိုအပ်မယ့် သိသင့်သိထိုက်တာတွေကိုသင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။

Web Developer နယ်ပယ်အတွင်း Senior Web Developer ရာထူးဖြင့်အလုပ်လုပ်ကိုင်လျက်ရှိပြီး၊ Web Development ကိုစာသင်ကြားမှု (၃)နှစ်ကျော်အတွေ့အကြုံရှိသောသူများမှသင်ကြားပေးမည်ဖြစ်သောကြောင့်၊ တကယ့်လက်တွေ့လုပ်ငန်းခွင်ထဲမှာဘယ်လိုပြဿနာတွေကြုံတွေ့နိုင်လဲ၊ ဘယ်လိုအကောင်းဆုံးဖြေရှင်းရင်အဆင်ပြေနိုင်မလဲဆိုတာတွေကိုပါလေ့လာသင်ကြားရမှာပါ။

“ဘယ်သူတွေတက်ရောက်သင့်လဲ”

  • Web Design & Development နယ်ပယ်တွင် Web Developer တစ်ယောက်အဖြစ် ခိုင်မာစွာရပ်တည်လိုသူများ။
  • Web Technology အခြေခံအုတ်မြစ်ကို အခြေခံကျကျ အသေးစိတ်လေ့လာလိုသူများ။
  • ကွန်ပျူတာနှင့်နည်းပညာတက္ကသိုလ်တက်ရောက်နေသော ကျောင်းသားကျောင်းသူများ။

“သင်ကြားမည့်ပုံစံ”

သင်တန်းကာလ ၂လခွဲအတွင်းမှာ..

Web Design နှင့်  Frontend ပိုင်းအတွက်

– HTML5
– CSS3
– JavaScript
– jQuery
– Bootstrap4

တို့ကိုအသေးစိတ်မှစ၍ သင်ကြားပေးမည်ဖြစ်ပြီး Static Web Template တစ်ခုနှင့် JavaScript, jQuery အခြေပြု Mini-Project (၂) ခုရေးသားရမည်။

Server နှင့် Backend ပိုင်းအတွက်…

– PHP နှင့် MySQL တို့ကိုပေါင်းစပ်အသုံးပြုပြီး Dynamic Ecommerce Website တစ်ခုကို ဖန်တီးရေးသားရမည်။
– Login/Registration System
– Add to Cart System
– Database CRUD
– Basic SEO
– Web Hosting cPanel အသုံးပြုပုံ
– Domain & Web Hosting Knowledge
– Backend ပိုင်းအတွက် မရှိမဖြစ်အရေးကြီးသော Web App Security နှင့် Database Security အပိုင်းတို့ကိုပါ အသေးစိတ်လေ့လာသင်ကြားရမည်ဖြစ်ပါသည်။
– Web Development Company ကြီးများတွင် အသုံးများသော WordPress (Content Management System) ကိုအသုံးပြု၍ Website တစ်ခုကိုဖန်တီးရေးသားရပါမည်။

Theory ပိုင်းရှင်းပြချက်များနှင့်အတူလက်တွေ့ Project များ၊ Domain & Web Hosting များဖြင့် Practical ပိုင်းကိုသင်ကြား ပေးမှာဖြစ်ပါတယ်။ Website တစ်ခုရေးတတ်ရုံသာမကဘဲ၊ Website ကို Internet ပေါ်တင်ခြင်း၊ Web Hosting cPanel ကိုအသုံးပြုခြင်းတို့ကိုပါသင်ကြားရမှာဖြစ်ပါတယ်။

***သင်တန်းကာလအတွင်းတစ်ဦးချင်းရေးသားရမည့် Project များပြီးဆုံးမှသာလျှင် Let’s Code မှ သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးမည်ဖြစ်ပါသည်။***

“သင်တန်းအသေးစိတ်”

Web Foundation Course
(HTML, CSS, JavaScript, jQuery, BootStrap, PHP, MySQL, WordPress (Basic), Domain & Web Hosting General Knowledge)

သင်တန်းကာလ >>၂လခွဲ (စနေ၊ တနင်္ဂနွေ)
သင်တန်းစတင်မည့်ရက် >> (18.Jan.2020) ရက်နေ့

Class A >> မနက် (၁၀) နာရီ မှ နေ့လည် (၁၂:၃၀) နာရီ အထိ
သင်တန်းသားဦးရေ >> (၈) ဦး

Class B >> နေ့လည် (၁:၃၀) နာရီမှ ညနေ (၄) နာရီအထိ
သင်တန်းသားဦးရေ >> (၈) ဦး

သင်တန်းကြေး >> ၁၈၀,၀၀၀ကျပ် (သင်တန်းကြေးကို (၂) ရစ်ခွဲသွင်းနိုင်ပါတယ်) တခြားသင်တန်းတွေမှာ ၂ သိန်းခွဲ၊ ၃ သိန်းရှိပါတယ်။

သင်တန်းပြီးဆုံးသော်လည်း သိပ်နားမလည်သေးဘူးဟုထင်မြင်ယူဆ၍ဖြစ်စေ၊ သင်တန်းတက်ခဲ့စဉ်က အကြောင်းကြောင့်သင်တန်းပျက်ရက်များသွားခဲ့ပါက မိမိတက်ရောက်ခဲ့သော Course ကို “အခမဲ့” ပြန်လည်တက်ရောက်နိုင်ပါတယ်။

သင်တန်းအပ်နှံမှုများ၊ စုံစမ်းမှုများအတွက်

Phone: 09692838065, 09258090003
Address: Building 14, 4th Floor, Kanaung Hub, MICT Park, Hlaing Tsp, Yangon.

Share for later reading and to your friends !

Leave a Reply

Your email address will not be published. Required fields are marked *